သီချင်းတွေ နားထောင်မိတိုင်း ကဗျာတွေ ဖတ်မိတိုင်း ကိုယ်နဲ့အကြိုက်ချင်းတူတဲ့ မင်းကို သတိရတယ်။ ကိုယ်လည်း လေးဖြူ ကို ကြိုက်တာပဲ။ ဒါပေမယ့် မင်းနဲ့တွေ့မှ ကိုယ်နားမထောင်ဖူးသေးတဲ့ လေးဖြူသီချင်းတွေ ရှိတယ် ဆိုတာ ကိုယ်သိသွားတယ်။ မင်း ကျောင်းတက်တုန်းက ရေးခဲ့တဲ့ ကဗျာတွေကို ဖတ်လိုက်ရတော့ တကယ် မလေးစားပဲ မနေနိုင်ဘူး။ တကယ် ပြောတာ။ အခု ကိုယ် စာရေးနေတယ် ဆိုပေမယ့် မင်းရေးတဲ့ စာတွေရဲ့ ခြေဖျား ကို မမှီဘူး ဆိုတာ ကိုယ် ဝန်ခံရဲတယ်။ မင်းက ကိုယ့်ထက် စာဖတ်ပိုများတယ်။ ပိုပြီးလည်း စာဖတ်အားကောင်းတယ်။ ကိုယ် အသက် ၂၄ လောက်ကစပြီး စာဖတ် နည်းသွားတယ်။ စာအုပ်တွေ ဘာ အသစ်ထွက်မှန်းတောင် မသိတော့ဘူး။ စာအုပ်နဲ့ အဆက်အသွယ် ပြတ်သွားတယ် ဆိုပါတော့။ အဲ့တော့ စာဖတ်နည်းတော့ စာရေးတာလည်း အကုန်တလွဲတွေ ဖြစ်ကုန်တာပေါ့။ ကိုယ် စာရေးတယ် ဆိုတာကလည်း မင်းအကြောင်းတွေးမိတိုင်း စိတ်ထဲမှာ ရေးရင်းနဲ့ ညရောက်တော့ ဒီထဲ ချရေးဖြစ်သွားတာ။ မင်းကို စတွေ့တုန်းက ကိုယ့်ရဲ့ တခြား version တခုကို တွေ့လိုက်ရသလိုပဲ။ ကိုယ်ငယ်ငယ်က ဖြစ်ချင်ခဲ့ စိတ်ကူးယဉ်ခဲ့တဲ့ အလုပ်ကို မင်းက လုပ်နေတာကိုး။ ကိုယ်တကယ် လေးစား အားကျခဲ့တယ်။ ( နောက် မှ သိတာက မင်း အဲ့ဒီအလုပ်မှာ မပ...
I keep all of my memos here.