အဲ့နေ့က စိတ်နဲ့ ကိုယ်နဲ့ သိပ်မကပ်ဘူး။ တကယ်က အဲ့နေ့ကမှ မဟုတ်ပါဘူး။ သူ မရှိတော့တဲ့နေ့က စ လို့ပေါ့။ ထားပါတော့။ အဲ့တာ တနေကုန် တိုင်ပတ်နေရင်းနဲ့ ညနေရောက်တော့ စိတ်က အတော်ကို ရှုပ်လာတယ်။ အဲ့တာနဲ့ အခန်းရှင်းမယ်ကွာ ဆိုပြီး အခန်းထဲက အဝတ်အညစ်တွေ ကို အရင်စု ပြီး အဝတ်လျှော်စက်ထဲ သွားထည့်၊ အခန်းပြန်လာပြီး ရှင်းနေတာပေါ့။ ရှင်းနေရင်း ၁၅ မိနစ်လောက်နေတော့မှ ရုတ်တရက် ခေါင်းထဲ ရောက်လာတာက Fiio တွေ။ ဟုတ်တယ် Fiio တွေ။ ဘောင်းဘီထဲကနေ မထုတ်မိပဲ အဝတ်လျှော်စက်ထဲ ထည့်မိလိုက်တာ။ အဲ့တာနဲ့ ပြေးပြီး သွားထုတ်ရတာပေါ့။ ထုတ်လိုက်ပေမယ့် မမှီတော့ဘူး။ အထဲမှာ ရေတွေက အပြည့်ဝင်သွားပြီ။ နားကြပ်မှာဆို အထဲက Fiio logo လေးတောင် တစစီဖြစ်နေပြီ။ ဆန်အိုးထဲ ထည့်မယ် လုပ်တော့ အိမ်မှာ ဆန်ကုန်နေတယ် :3 အဲ့တာနဲ့ ဆရာ ကိုဝင်းနောင်ဆီဖုန်းဆက်ပြီး ပေါင်းအိုး ရှိရင် လာထည့်ချင်လို့ ဆိုပြီး မေးတော့ သူက မထည့်နဲ့တဲ့။ ( ဒီနေရာမှာ ပြောတဲ့ ပေါင်းအိုး ဆိုတာက ဖုန်းတွေ ရေဝင်ရင် တစစီဖြုတ်ပြီး အဲ့ ပေါင်းအိုးလေးထဲကို ထည့်ပြီး ရေထုတ်တဲ့ စက်တမျိုးပေါ့။ ) အဲ့တာတွေက တကယ...
I keep all of my memos here.