Adobe 2022 မှာတော့ မြန်မာ Unicode ကို အလိုလိုသိတဲ့စနစ်မျိုးပါလာတာသတိထားမိပါတယ်၊ Default အနေနဲ့ Myanmar Text နဲ့ပေါ်ပေးတာကိုတွေ့ရပါတယ်၊ ဖောင့် Search လုပ်တဲ့နေရာမှာလဲ စာလုံးနမူနာပြတဲ့နေရာမှာ မြန်မာလို က,ခ,ဃ,င ဆိုပြီးပြလာတာတွေ့ရပါတယ်။ တချို့စက်တွေမှာ ပြင်စရာမလိုပဲ အမှန်တန်းပေါ်ပေမဲ့ တချိုစက်တွေမှာတော့ ပြင်ဖို့လိုနေတတ်တာမို့ Adobe မှာ မြန်မာ Unicode ချိန်နည်းလေးကို ထက်မံမျှဝေလိုက်ပါတယ်။
ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။ ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter
Comments
Post a Comment