ဒီရက်ပိုင်း နေဝင်တာကို ထိုင်ကြည့်ဖြစ်တယ်။ တပါတ်လုံး ဆိုပါတော့။ နေဝင်တာ က စောတယ် နောက်ကျတယ် မရှိဘူး။ သူ့အချိန်ရောက်တာနဲ့ ဝင်သွားတာပဲ။ ကျွန်တော်တို့ နိုင်ငံမှာတော့ နေဝင်ချိန်မရောက်သေးပဲ နေဝင်ကုန်ကြပြီ။ လူတွေလည်း နေဝင်ကုန်ကြပြီ။ နိုင်ငံတော်လည်း နေဝင်သွားပြီ။ Failed state ဆိုတာ နိုင်ငံ တခုရဲ့ နေဝင်ချိန်ပဲ မဟုတ်လား။
( ၁၇/ဇူလိုင်/၂၀၂၁ ကော့သောင်း )
Social media ပေါ်မှာ အားတင်းထားပါ၊ ငါတို့မှာ ငါတို့ပဲ ရှိတယ်လို့ ဘယ်လောက် အော်အော် ၊ တကယ် လက်တွေ့မှာ ကိုယ်နဲ့ ပတ်သတ်နေတဲ့သူတွေ၊ ကိုယ့် ခင်မင်ရာ ဆွေမျိုး မိတ်ဆွေ အပေါင်းအသင်းတွေ တယောက်ပြီး တယောက် ဆုံးသွားတဲ့ သတင်းတွေကို နေ့စဉ် ကြားလာရတဲ့ အခါမှာ ငါတို့ထဲက ငါတို့ တဖြည်းဖြည်းနဲ့ လုံးပါးပါးလာတဲ့ အခါမှာ လူလည်း ယိုင်နဲ့နဲ့ ပဲ ကျန်တော့တယ်။ ဒီအချိန်မှာ physically ဘယ်လောက် strong ဖြစ်ပါတယ် ပြောပြော mentally အနေနဲ့ လူတွေ က ယိုယွင်းလာကြတယ်။ Mentel health ဆိုတာက ဒီဘက်ခေတ်မှာမှ မြန်မာမှာ ဆေးခန်းတွေဖွင့် ကျ၊ ဆေးခန်းပြကြ ဖြစ်လာတာ။ စိတ်ကျန်းမာရေးအတွက် ဆရာဝန်နဲ့ပြတယ်ဆိုတာ သိပ်ပြီး အလေ့အကျင့်မဖြစ်သေးဘူး။ ဒါတောင် ခုပြောနေတဲ့ စိတ်ကျန်းမာရေး အတွက် ဆေးခန်းတွေဆိုတာ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာပဲ ရှိသေးတယ်။ နယ်တွေမှာ များများစားစား မရှိသေးဘူး။ ဒီအချိန်မှာ တနိုင်ငံလုံးက လူတွေမှာ စိတ်ကျန်းမာရေး အခြေအနေ အတော် ဆိုးဝါးနေမယ်ဆိုတာ ပြောနေစရာကို မလိုအောင် သိသာနေတယ်။ ဒီအချိန်မှာ တစ်ယောက်ကို တစ်ယောက် စကားတွေ ပြောပြီး အားပေးတာ၊ လိုအပ်တဲ့ အကူအညီ ပေးနိုင်အောင်တော့ ကိုယ်တတ်နိုင်တဲ့ ဘက်က နေ လုပ်ပေးနေဖြစ်တယ်။ ဆိုတော့ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် အားပေးစကား ပြောနေဖို့လိုတယ်။ တစ်ယောက်ယောက် အတွက် လိုအပ်ချက်ကို တစ်ယောက်ယောက်က တတ်နိုင်သလောက် ဖြည့်ဆည်းပေးစေချင်တယ်။ အများကြီး မဟုတ်တောင် ကိုယ် တတ်နိုင်သလောက်ပေါ့။ ကနေ့ဆို ကိုကိုရဲ တို့ အဖွဲ့ က Facebook ပေါ်မှာ live လွင့်ပြီး သီချင်းတွေ ဆိုကြမယ် ဆိုတာတွေ့လိုက်တော့ အသည်းအသန် guitar လိုက်ရှာ၊ ဝင် join ပြီး ဂစ်တာတီးပြီး သီချင်းဆိုတဲ့ အဖွဲ့ထဲ ဝင် ဆိုလိုက်သေးတယ်။ ဘယ်သူနားထောင် နားထောင် နားထောင်မိတဲ့သူတွေ နည်းနည်း စိတ်ပြေလက်ပျောက် ဖြစ်သွားလည်း မကောင်းဘူးလား။ အဲ့လိုပေါ့။ ငွေကြေးမှ မဟုတ်ဘူး။ တခြား ကိုယ် တတ်နိုင်တဲ့ အလုပ်တွေကို ဝင် လုပ်ပေးလို့လည်း ရနေတာပဲ။ မနေ့က ဆိုရင် အသိ သူငယ်ချင်းတွေ oxygen လိုတယ် ဆိုတဲ့ post တွေ့တာနဲ့ ချက်ချင်း ဖုန်းတွေ ပတ်ဆက်ပြီး oxygen bottle ဘယ်က ရနိုင်မလဲ ဆိုပြီး ဖုန်းကူဆက်ပေးဖြစ်တယ်။ ဟုတ်တယ်လေ။ သူတယောက်တည်း ဖုန်းဆက်နေတာထက်စာရင် ကျွန်တော်ပါ ကူပြီး ဆက်တော့ အလုပ် ၂ ဆ တွင်တာပေါ့။
ကိုဗစ် outbreak ပြဿနာ၊ အောက်ဆီဂျင် မလုံလောက်တဲ့ ပြဿနာ၊ ဆေးရုံတွေ မှာ လူနာ လက်မခံတော့တဲ့ပြဿနာ၊ ဘဏ်က ငွေ လိုသလောက်ထုတ်မရတဲ့ ပြဿနာ၊ cash ရှားပါးလာတဲ့ ပြဿနာ၊ အဲ့လိုပေါ့၊ ပြောရရင်ကုန်မှာ မဟုတ်ဘူး။ ပြဿနာတွေမှ အများကြီးပဲ။ ဒီပြဿနာတွေရဲ့ ရင်းမြစ်ကို ကုမှ အနာက ပျောက်မယ်။ ဆေးမြီးတိုနဲ့ကုရင်တော့ ရောဂါ လက္ခဏာတွေကတော့ ပျောက်မှာပေါ့။ အနာက အထဲမှာ လှိုက်စားပြီး ပိုပိုကြီးလာလိမ့်မယ်။ ပြဿနာကတော့ ခဏတော့ ငြိမ်သွားဖို့ပဲ ရှိတာ၊ လုံးဝ အရှင်း ပျောက်မသွားဘူး။ ဘဏ်ကနေ ငွေ လိုသလောက် ထုတ်မရတဲ့ ပြဿနာကိုပဲကြည့်။ % ပေးထုတ်တော့ ငွေတွေ ထုတ်လို့ရလာတယ်။ ငွေက အလုံအလောက်ဖြစ်နေသလောက်ရှိနေတာတောင်မှ % ပေးပြီးထုတ်နေရတုန်းပဲ။ Banking app တွေ ပြန်သုံးလို့လည်း ရနေပြီပဲ ကို အပြင်မှာ cash လိုချင်ရင် % ပေးပြီး ထုတ်နေရတုန်းပဲ။ ဒါတွေက ဘယ်တော့မှ ပြီးတော့မှာ မဟုတ်တော့ဘူး။ မူလ ရင်းမြစ်ကိုပဲ အမြစ်ဖြတ်မှ ရတော့မယ်။ % ပေးပြီးထုတ်တာ ပြဿနာကို တကယ် ဖြေရှင်းတဲ့ နည်း မဟုတ်ဘူး။ ဒါက ဆေးမြီးတိုနဲ့ ကုတဲ့ နည်းပဲ။ ဆေးမြီးတိုနဲ့ ကုတော့ ဘာဆက်ဖြစ်လဲ။ မလိုလားအပ်တဲ့ နောက်ဆက်တွဲ တွေ အများကြီး ထပ် ဖြစ်လာတယ်။ Side effect တွေက ပိုဆိုးတယ်။ ဆိုတော့ အနာက မပျောက်ပဲ ထပ်ပြီး အနာသေးသေးလေးတွေက ပွားလာတယ်။
Social media ပေါ်မယ် လူတွေဖြစ်ပျက်နေတာကလည်း အတော် ဆိုးဆိုးပဲ။ လူတွေ လက်ခံတဲ့ အမှန်တရားဆိုတာက သူတို့ သိထားတဲ့ knowledge ပေါ် မူတယ်ပြီး judge လုပ်တယ် ဆိုတော့လည်း ဘယ်သူမှားတယ် ဘယ်သူမှန်တယ် ဆိုတာ ပြောဖို့ ခက်ပြန်တယ်။ Social media ပေါ်မှာတော့ emotion တွေ တအားများလွန်းတယ်။ Emotion ကို ဦးစားပေးလွန်းတယ်။ Emotion နောက်ကိုပဲ လိုက်နေကြတယ်။ Facebook မှာလည်း အများကြီး အကျိုးသက်ရောက်မှု့ရှိနေတယ်။ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနေတယ်။
(ဆက်ရေးပါဦးမယ်)
Comments
Post a Comment