Skip to main content

Posts

Showing posts from May, 2021

နွေဦးဒိုင်ယာရီ (၅)

  ဇွန် ၁ ရက်နေ့။ မော်လမြိုင်က ချောင်းဆုံ တံတားကို အရင် NLD လက်ထက်က ဗိုလ်ချုပ်အောင်ဆန်း တံတားလို့ နာမည်ပေးထားတာကနေ ချောင်းဆုံတံတားလို့ နာမည်ပြောင်းပြီး စစ်သူပုန်တွေက ဆိုင်းဘုတ်ဖွင့်ပွဲတွေ ဘာတွေပါလုပ်တယ်။ မနေ့ကပဲ စစ်သူပုန်တွေက အပစ်အခတ်ရပ်တယ် ပြောတယ်။ ကနေ့ ဒီမော့ဆိုမှာ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ကို ပစ်နေတယ်။ ပူတာအို လေဆိပ်ကို KIA က ဝင် ပစ်တယ်။ ဒီမော့ဆို ကုန်းသာရွာ မှာ စစ်ခွေး အယောက် ၈၀ ကျော် ကျသွားလို့ အညှိုးနဲ့ ပစ်နေတာလို့ ပြောကြတယ်။ ကရင်ပြည်နယ် ဖလူးမှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ဒေသခံ ၄၀၀ ကျော် ထိုင်းနိုင်ငံဘက်ကို စစ်ဘေးရှောင်နေရတယ်။ ကယားပြည်နယ် တချို့ မြို့တွေမှာ စားသောက်ကုန်တွေ ပြတ်ကုန်ပြီး ဆန်တစ်အိတ်ကို တသိန်း အထိ ဖြစ်သွားတယ်။ NUG က အခြေခံပညာမှာ ကျောင်းမတက်နဲ့ ပြောနေယုံတင်မကပဲ Online Education ကို လုပ်ဖို့ စီစဉ်နေတယ်။ အင်တာနက် မရတဲ့ ကလေးတွေအတွက်လည်း တခြားနည်းနဲ့ လုပ်ပေးဖို့ စီစဉ်နေတယ်လို့ ဆိုတယ်။ Online Education Portal ကို မကြာခင် launch လုပ်မယ်လို့ မျှော်လင့်ရတာပဲ။ တပြိုင်နက်တည်းမှာပဲ ကော့ကရိတ်မြို့နယ်အတွင်းမှာ ကရင်ပညာရေးကောလိပ်ကျောင်းတွေ စ ဖွင့်တယ်။ အစိုးရကျောင်းတွေမှာလည်း ကျော...

ကြောင်ပျောက် ရှာပုံတော်

 ဘဝက တက်လိုက်ကျလိုက်ပဲ။ တခါတလေ အခုလက်ရှိက တက်နေတာလား ကျနေတာလား မသိဘူး။ ခေတ်စကားနဲ့ ပြောရရင် ကြောင်ပျောက်နေတာပေါ့။ ရှေ့ရေးကို လှမ်းကြည့်တော့လည်း ဘာမှ မမြင်ရဘူး။ လက်ရှိအလုပ်ကလည်း တိုးတက်မှု့ ရှိမလာခဲ့ဘူး။ ကိုယ့်အထက်လူကြီးရဲ့ မျက်နှာအခြေအနေ ကို ကြည့်နေရပြီး လုပ်နေရတဲ့ အလုပ်ကို တော်တော်စိတ်ပျက်လာတယ်။ အလုပ်ကို အလုပ်လို့ ခုထိ မမြင်နိုင်သေးတာပဲ နေမယ်။ မြင်အောင်ကြည့်မှ ရတော့မယ် ဆိုပြီး ဝုန်းဒိုင်း ထ လုပ်လိုက်မှ ရတော့မယ် ထင်တယ်။ အခုက ကိုယ့်ကိုကိုယ် ညှာလွန်းနေလို့ ခုလိုတွေ ဖြစ်နေတာနေမယ်။ အနုပညာအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းလုပ်ရအောင်လည်း အဆင်ပြေမယ် မထင်ဘူး။ ကိုယ်တတ်တဲ့ပညာတွေက ဘယ်နားသွားသုံးလို့ သုံးရမှန်းမသိဘူး။ တခါတလေ နေတတ်လို့ အဆင်ပြေနေပေမယ့် ကိုယ် ဘာအတွက် အသက်ရှင်နေရလဲဆိုတာ ကိုယ်တိုင်လည်း မသိဘူး။ တခုခုထဲကို နစ်မြုပ်ချင်နေပေမယ့် ဘယ်ထဲ ခေါင်းသွားစိုက်ရမှန်းမသိဖြစ်နေတာလည်း တဒုက္ခပဲ။ စာရေးချင်လား ဆိုတော့လည်း ရေးမယ့်သာ ရေးနေတာ ရေးချင်စိတ်မရှိတဲ့ အချိန်ကများနေတာ။ ကင်မရာ ကိုင်ပြန်တော့လည်း နည်းနည်းကြောက်သလို။ Spanner ကိုင်ပြန်တော့လည်း ယုံကြည်မှု့က မရှိ။ ကွန်ပျူတာ ရှေ့ရောက်တော့လည်း လုပ်မယ်ကြံထားတာတွ...

မေလ စတုတ္ထပါတ် နွေဦးသတင်းစဉ်

 ၂၃.၅.၂၀၂၁ တိုက်ပွဲသတင်း မိုးဗြဲမြို့ ရဲစခန်းကို PDF တိုက်ခိုက် သိမ်းပိုက်ပြီး စစ်သား ၂၀ ခန့်သေဆုံး၊ ၄ ဦး အရှင်ဖမ်းဆီးရမိ၊ PDF တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး ကွတ်ခိုင်မြို့အနီးတွင် ယမန်နေ့ညက လက်နက်ကြီးပစ်ခတ်မှုများရှိခဲ့ မိုးဗြဲမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်တပ် တိုက်ပွဲပြင်းထန်၊ နေအိမ်အချို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲ မူဆယ်မြို့မှာ မြောက်ပိုင်းမဟာမိတ်တပ်နဲ့ စစ်တပ် တိုက်ပွဲဖြစ်ပွား ကနီမြို့နယ်တွင် စစ်ကောင်စီတပ်က ယာဥ်တစီး မိုင်းဆွဲခံရ ဒီးမော့ဆိုမြို့နယ် ဒေါတဝီဂိတ်ကို PDF နှင့်အတူပူးပေါင်းတိုက်ခိုက်ခဲ့ဟု Free Burma Ranger ပြော ဟုမ္မလင်း၊ ချင်းတွင်းတံတားရဲကင်း PDF ကတိုက်ခိုက်လို့ ရဲတဦးသေ၊ စစ်သားတဦး စိုးရိမ်ရဒဏ်ရာရ ရှမ်း - ကယားနယ်စပ် ပီကင်းကောခူဂိတ်တွင် PDF နှင့် စစ်တပ် တိုက်ပွဲဖြစ်ပွား မိုးဗြဲမြို့၊ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ နေအိမ်အချို့ပျက်စီး၊ ပြည်သူတဦး ကျည်ထိ ဒီးမော့ဆို ဒေါ့ဝတီဂိတ်ကို တိုက်ခိုက်သိမ်းပိုက်သည့် ဗီဒီယိုဖိုင် Free Burma Ranger ထုတ်ပြန် မူဆယ်တွင် ယနေ့မနက်ပိုင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နေအိမ်အချို့နှင့် ကားများပျက်စီး မူဆယ်တွင် စစ်ကောင်စီတပ်စခန်းတခုကို KIA...

မေလ တတိယပါတ် နွေဦးသတင်းစဉ်

 ၁၇.၅.၂၀၂၁ တိုက်ပွဲသတင်း ဟားခါးနဲ့ ဖလမ်းကြားမှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်တပ်တိုက်ပွဲဖြစ်ပြီး စစ်သား ၆ ဦးသေဆုံး၊ ၁၀ ဦးခန့် ဒဏ်ရာရ၊CDF ၁ဦးကျ လားရှိုးခရိုင် မိုင်းယော်တိုက်နယ်မှာ ကိုးကန့်တပ် MNDAA နဲ့ စစ်တပ် တိုက်ပွဲဖြစ် KIA တပ်သားတွေအလင်းဝင်ကြဖို့ ပူတာအိုခရိုင် နောင်မွန်မှာ စစ်တပ်နဲ့ ပြည်သူ့စစ်တွေ ဝါဒဖြန့်စာလိုက်ကပ် KIA ကိုတိုက်ခိုက်ရန် ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့က သင်တန်းတက်ရန်လိုက်လံစည်းရုံးနေ CDM မိုင်းရယ်မြို့နယ်က CDM ပညာရေးဝန်ထမ်း ၄၅ ဦး တာဝန်မှယာယီရပ်ဆိုင်းခံရ လားရှိုး၊ အမှတ် ၁၂ မူလွန်ကျောင်းက CDM ဆရာမတဦး ဝန်ထမ်းအိမ်ရာကနေ ဖယ်ရှားခံရ ကြံခင်းမြို့နယ်က CDM ပညာရေးဝန်ထမ်း ၃၄ ဦး တာဝန်မှယာယီရပ်ဆိုင်းခံရ မြန်အောင်မြို့နယ်က CDM ပညာရေးဝန်ထမ်း ၁၁၆ ဦး တာဝန်မှယာယီရပ်ဆိုင်းခံရ တနင်္သာရီတိုင်းက CDM ပညာရေးဝန်ထမ်းပေါင်း ၇၀၀၀ ကျော် တာဝန်မှယာယီရပ်ဆိုင်းခံရ သိန္နီမြို့နယ် ပြည်သူ့ဆေးရုံကြီးက CDM ဝန်ထမ်းများကို ကျန်းမာရေးဦးစီးမှူးက ခြိမ်းခြောက်ဖိအားပေးနေ ပေါင်မြို့နယ်တွင် CDM ဆရာ/မများကို ဂုဏ်ပြုကြောင်း ဆန္ဒဖော်ထုတ် ဒိုက်ဦးမြို့နယ်ပညာရေးမှူးရုံး ဗုံးပေါက်ကွဲပြီးနောက် CDM ပညာရေးဝန်ထမ်းများကို စစ်တ...