Company က inmarsat တပ်မယ် ဆိုပြီး mail ဝင်လာတော့ အပျော်ဆုံးက ကိုယ်ပဲ ဖြစ်မယ်ထင်တယ်။ ဟုတ်တယ်လေ။ အင်တာနက် ကောင်းကောင်း သုံးရတော့မှာကိုး။ ဒါနဲ့ လိုအပ်တဲ့ preparation တွေလုပ်ထားပါဆိုပြီး လိုတာတွေ ပြင်ဆင်၊ network cable တွေ နေရာချ၊ power cable တွေ သွယ်နဲ့ အားကြိုးမာန်တက် ကို လုပ်ပလိုက်တာပေါ့။ အဲ့တာနဲ့ သူတို့ ပို့ပေးထားတဲ့ drawing တွေကြည့်ပြီး ကြိုးတွေ ပြင်ဆင်ပြီး သကာလ singapore ရောက်တော့ network engineer ၂ ယောက် ရောက်ချလာပြီး configure လာလုပ်တယ်။ မနက် ၇ နာရီ ကတည်းက လုပ်တာ ည ၈ နာရီမှ ပြီးတာပဲ။ ကိုယ်လည်း တနေကုန် bunker နဲ့မို့ သူတို့ကို လှည့် မကြည့်အားဘူးလေ။ သူတို့ပြီးတော့မှ handover လုပ်ချင်လို့ လာခဲ့ပါ ခေါ်လို့ သူတို့ handover လုပ်ပေးတာပဲ နားထောင်လိုက်ရတယ်။ စမ်းစရာ ရှိတာ တခါတည်း စမ်းပေါ့။ ဘယ် cable က ဘယ် ကို သွယ်ထားတာ ဘာညာ စသည်ဖြင့်ပေါ့။ ဘာ ပြဿနာ ဘာ error ဖြစ်ဖြစ် system ကို reboot ချပါ ပဲ ပြောတယ်။ အေးတာပဲ။ Wifi AP ကို စမ်းပြပေးပြီး ပြန်ဖြုတ်လိုက်တယ်။ အဲ့ကျမှ သတိရသွားလို့ AP ကို control လုပ်ချင်ရင် wifi password ဖြုတ်ချင်ရင် ဘယ်လို လုပ်ရမလဲ မေးမိတယ်။ အဲ့တာနဲ့ AP ရဲ့ ip address ကို ဝင် ပြီး လုပ်လို့ရကြောင်း AP ရဲ့ IP address xxx.17.0.2 ကို ပေးသွားတယ်။ အဲ့တာနဲ့ မစမ်းတော့ပါဘူးလေ ဆိုပြီး okok ပဲ ပြန်ပြောလိုက်တယ်။ နောက်နေ့ တကယ် လည်း လုပ်ရော သူတို့ ပေးတဲ့ ip က ဝင် မရဘူး။ မှားနေတယ်ပဲ ပြနေတယ်။ အဲ့တာနဲ့ မဟုတ်သေးပါဘူးလေ ဆိုပြီး ဖုန်းနဲ့ AP ကိုချိတ်လိုက်ပြီး ip address ကို ကြည့်လိုက်တော့မှ xxx.16. ဆိုတာတွေ့တော့မှ ဟိုတရုတ် ၂ ကောင် ip မှားပြောသွားတာ ဆိုတာ တန်းသိလိုက်တယ်။
မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။ ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...
ဘဲသတုန်း
ReplyDelete