Blogger နဲ့ တခြားဟာတွေ ချိတ်လို့တော့ပြီးသွားပြီ။ Instagram, Flickr နဲ့ Youtube ဆိုတော့ စုံသလောက်ရှိနေပြီ။ တခြားဘာတွေနဲ့ ချိတ်ရဦးမလဲတော့ မသိဘူး။ အရင်က dropbox နဲ့ချိတ်ပြီး ပုံတွေတင်တာ dropbox က public folder access မရတော့ တော်တော်တိုင်ပတ်သွားတယ်။ Covid ဖြစ်နေတော့ ဘယ်မှ မသွားရ မလာရတဲ့ အတူတူ စာလေး ဘလော့လေး ရေးဖြစ်အောင်တော့ ရေးဦီးမှ လို့ စိတ်ကူးထားတာပဲ။ ပြီးတော့ ဒီတခါ satellite internet က inmarsat ပြောင်းလိုက်တော့ သုံးရတာ အဆင်ပြေသွားတယ်။ လိုင်းလည်း တော်တော်ကောင်းသွားတယ်။ အရင် FBB နဲ့ဆို အဝိုင်းလည်ဖို့ နေနေသာသာ အဝိုင်းတောင် မမြင်ရဘူး။ text message ပဲ ကောင်းကောင်းပို့လို့ရတယ်။ ပြီးရင် အဆိုးဆုံးက တစ်လ ကို 100MB ပဲ ပေးသုံးတာ။ ကုန်သွားရင် ဘာမှ ထပ်လုပ်လို့ မရ။ ခု inmarsat ကျ ကုန်ရင် visa or master card နဲ့ ထပ်ဝယ်လို့ရတယ်။ ဈေးကတော့ သက်သာတယ်ပြောလို့ရတယ်။ 1 GB ကို 15$ ဆိုတော့ အတော် သက်သာတယ်။ Telenor sim ကို roaming ဈေးနဲ့ သုံးရသလောက်ပဲ ရှိတာဆိုတော့ သက်သာတယ်လို့ ပြောလို့ရတယ်။

Good
ReplyDelete