Camera နဲ့ ပတ်သတ်တဲ့ အခေါ်အဝေါ်တွေကို ဒီီပိုစ့်မှာ စုပြီး ရေးပါ့မယ်။ အလျဉ်းသင့်ရင် သင့်သလို ထပ်ဖြည့်သွားပါ့မယ်။ Sensor Digital Camera ရဲ့ အသက်က ကင်မရာရဲ့ sensor size ပါ။ ကင်မရာရဲ့ lens ကိုဖြုတ်လိုက်ရင် ကင်မရာထဲမှာ တွေ့ရတဲ့ လေးထောင့်ကြီးက camera sensor ပါ။ အဲ့ဒီ sensor size ကို မူတည်ပြီး ကင်မရာတွေကို အမျိုးအစားခွဲကြတာပါ။ အဲ့အကြောင်းကို မပြောခင် အရင်ဆုံး ဖလင်ကို အရင်ပြောရပါလိမ့်မယ်။ အရင် ဖလင်ခေတ်က standard film က 35mm( ကန့််လန့်ဖြတ်တိုင်း) 36 x 24mm ပါ။ Digital ခေတ်ကို ရောက်လာတဲ့ အခါ film နေရာမှာ sensor တွေဖြစ်သွားပါတယ်။ Sensor size က မူလ 35mm film size အတိုင်း ရှိနေတယ်ဆိုရင် အဲ့ ကင်မရာကို Full Frame Camer a လို့ သတ်မှတ်ပါတယ်။ အဲ့တော့ Full frame ထက် ၁ ဆခွဲ ငယ်တဲ့ sensor တွေကို crop frame လို့ ခေါ်ပြီး အဲ့ဒီ crop frame sensor ပါတဲ့ camera တွေကို Crop Frame Camera လို့ ခေါ်ပါတယ်။ Crop frame ကို APS-C လို့လည်း ခေါ်ပါသေးတယ်။ 35mm Full Frame နဲ့ Crop Frame ကြားထဲမှာ APS-H (သူ့ ဆိုဒ်ကတော့ 28.1 x 18.7mm )ဆိုပြီး အရင်က Canon က ထုတ်တဲ့ Sensor လည်း ရှိပါသေးတယ်။ အဲ့ဒါကိုကျတော့ Ca...
I keep all of my memos here.