ယနေ့ခေတ်မှာလူတွေဟာ e-bookတွေကိုအရင်ကထက်ပိုပြီးတော့ စိတ်ဝင်တစားဖတ်လာကြပါတယ်။ စျေးသက်သာတာရယ် သယ်ဆောင်ရတာလွယ်တာရယ်ကြောင့်ပဲ e-bookတွေဟာ အမေရိကန်စာအုပ်စျေးကွက်ရဲ့၃၀ရာခိုင်နှုန်းကို သိမ်းပိုက်နိုင်ခဲ့တာပါ။ ဒါပေမဲ့ဒါဟာ သတင်းကောင်းကြီးချည်းပဲတော့မဟုတ်ပါဘူး။ MP3 ဖိုင်အမျိုးအစားတွေလိုမျိုး တွေ့တဲ့music playerနဲ့ဖွင့်လို့မရတဲ့ e-booksတွေက တင်းကြပ်တဲ့ကုမ္ပဏီမူပိုင်ခွင့်အနေနဲ့ရော၊ တခြားအခမဲ့သုံးလို့ရတဲ့ ဖိုင်အမျိုးအစားတွေအနေနဲ့ပါ ရှိနေခဲ့တာပါ။ ဒါထက်ပိုပြီးရှုပ်ထွေးတာကတော့ e-readersတွေအကုန်လုံးက e-bookဖိုင်အမျိုးအစားတွေအကုန်လုံးကိုမဖတ်နိုင်ပါဘူး။ ဒီဆောင်းပါးမှာ လူသိများတဲ့ ဖိုင်အမျိုးအစားတွေအကြောင်းရယ်၊ သူတို့ရဲ့အားသာချက် အားနည်းချက်တွေရယ်နဲ့ ဘယ်e-readerက ဘယ်လိုဖိုင်အမျိုးအစားနဲ့ကိုက်ညီမှုရှိသလဲဆိုတာကို ရှင်းပြပေးသွားမှာပါ။ ၁။ EPUB EPUB ဆိုတာ အခုနောက်ပိုင်းမှာ အကျယ်ပြန့်ဆုံးသုံးလာတဲ့ ဖိုင်အမျိုးအစားတစ်ခုဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာဒီဂျီတယ်ပုံနှိပ်ဖိုရမ် (လတ်တလောမှာတော့ World Wide Web (www) အဖွဲ့အစည်းနဲ့သက်ဆိုင်တဲ့အပိုင်းတစ်ခုပါ) ကနေစတင်ပေါက်ဖွားလာခဲ့တဲ့ EPUBဟာ ၂ဝဝ၇ခုနှစ်မှာ လွတ်လပ်စွာအခမဲ့...
I keep all of my memos here.