Skip to main content

Pyidaungsu Font (Myanmar Unicode)FAQ


(၁) ပြည်ထောင်စုဖောင့် ဆိုတာ ဘာလဲ?
ပြည်ထောင်စုဖောင့် ဆိုသည်မှာ ကွန်ပျူတာသုံး မြန်မာစာစနစ် ဖောင့် အမျိုး အစား တစ်ခု ဖြစ်ပါသည်။ ပြည်ထောင်စုဖောင့်သည် ယူနီကုဒ်စနစ် (Unicode) ကို လိုက်နာထားသည့် စနစ်တစ်ခု ဖြစ်ပါသည်။ ယူနီကုဒ် ဆိုသည် မှာ နိုင်ငံတိုင်းတွင် အသုံးပြုလျက်ရှိသော အက္ခရာစာလုံးများ အတွက် မည် သည့် Platform တွင်ဖြစ်စေ၊ မည်သည့် Program တွင် ဖြစ်စေ၊ မည်သည့် ဘာသာစကား Language တွင် ဖြစ်စေ အက္ခရာတစ်ခုချင်းစီကို သီးခြား သတ် မှတ်ပေးထားသည့် ကုဒ်နံပါတ်များဖြစ်သည်။ ယူနီကုဒ် ဆိုသည်မှာ ကမ္ဘာတွင် အသုံးပြုသည့် စကားများအားလုံးမှ အက္ခရာစာလုံး တစ်လုံးတိုင်းအတွက် တိကျသော နံပါတ်တစ်လုံးတည်းသာ သတ်မှတ်ပေးထားသော ဘုံသုံး စံ စနစ် ဟူ၍လည်း ခေါ်ဆိုကြသည်။
.
(၂) Myanmar 3 နဲ့ ဘာကွာခြားသလဲ?
ထိုသို့သော ယူနီကုဒ်စနစ်ကို လိုက်နာရေးသားထားသည့် ပြည်ထောင်စုဖောင့် ကွန်ပျူတာသုံး မြန်မာစာစနစ်သည် ယခင် Myanmar 3 ဖောင့် ကို အဆင့်မြှင့်ထားသည့် ဖောင့် ဟု ခေါ်ဆိုနိုင်ပါသည်။ (Myanmar 4 ဟု မခေါ်တွင်ဘဲ ပြည်ထောင်စုဟု ပြောင်းလဲ ခေါ်တွင်စေခြင်း ဖြစ်ပါသည်) ။ ပြည်ထောင်စုဖောင့်တွင် ယခင် Myanmar 3 ဖောင့် နှင့် အဆင်မပြေ မကိုက် ညီသည့် ကွန်ပျူတာ လည်ပတ်မှုစနစ် (Operation System) များ၊ Office များ အတွက် ပိုမို အဆင်ပြေစေရန် ဆောင်ရွက်ထားပါသည်။ ထို့အပြင် Myanmar 3 တွင် မပါဝင်သေးသည့် တိုင်းရင်းသား ဘာသာစကားများ ပါဝင်လာပါသည်။
.
(၃) Keyboard Layout ပြောင်းသွားသလား?
ပြည်ထောင်စုဖောင့် စာရိုက်ရသည့် Keyboard Layout သည် ယခင် Myanmar 3 Keyboard Layout အတိုင်း ပြောင်းလဲစရာမလိုဘဲ ရိုက်နိုင် ပါသည်။ ယခင် Myanmar 3 နှင့် ရိုက်ထားသည့် စာများကိုလည်း ပြည်ထောင်စုဖောင့်အဖြစ် ပြောင်းလဲလိုပါက မိမိပြောင်းလိုသည့် စာများကို ရွေးချယ်၍ Office ၏ ဖောင့် နေရာတွင် ပြည်ထောင်စုဖောင့်ကို ပြောင်းလဲပေးနိုင် ပါသည်။ ဖောင့်အမည် နှင့် စာလုံးပုံစံ သာ ပြောင်းသွားမည်ဖြစ်ပါသည်။ အခြား ပြောင်းလဲမှု မရှိပါ။
.
(၄) Version ဘယ်လို ရွေးရမလဲ?
မိမိ အသုံးပြုသည့် ကွန်ပျူတာ လည်ပတ်မှုစနစ်၏ Version ပေါ် မူတည်၍ ဖောင့် Version ရွေးချယ် အသုံးပြုရမည် ဖြစ်ပါသည်။ Windows OS (7 or XP) နှင့် Office (2007, 2010) တို့အတွက် ပြည်ထောင်စုဖောင့် Version 1.8 ကို အသုံးပြုရမည် ဖြစ်ပါသည်။ Window 10 နှင့်အထက် Office (2013, 2016) စသည် အထက်တို့တွင် ပြည်ထောင်စုဖောင့် Version 2.5 ကို အသုံးပြုရမည် ဖြစ်ပါသည်။ Adobe နောက်ဆုံးထွက် Version များတွင်လည်း ယူနီကုဒ်စနစ်ကို အသုံးပြုနိုင်ပါသည်။ https://www.unicode.today/fonts-download/ နှင့် http://mcf.org.mm/download-center/ pyidaungsu-font.html တွင် လေ့လာနိုင်ပါသည်။
.
(၅) ပြည်ထောင်စုဖောင့်က ဘာတွေ ပိုထူးလို့လဲ ?
သို့ဖြစ်ပါ၍ ပြည်ထောင်စုဖောင့်သည် အမည်ကို မရင်းနှီးသေးသည့် ကွန်ပျူတာသုံး မြန်မာစာစနစ် တစ်ခုဖြစ်ပြီး နိုင်ငံတကာ Unicode စံ ကို ပိုမို ကိုက်ညီစွာ လိုက်နာထားပြီး၊ တိုင်းရင်းသားဘာသာ စကားများ အသုံးပြုနိုင်ခြင်း၊ နောက်ဆုံးထွက် ကွန်ပျူတာ လည်ပတ်မှု စနစ်၊ Office, Google, Facebook အစရှိသည့် ဆိုရှယ်မီဒီယာများနှင့် အခြား Applications, Software များတွင် အဆင်ပြေစွာ အသုံးပြုနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါသည်။

[Source-NCSC]

Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။