2019 အစမှာ ရန်ကုန်ပြန်ရောက်တယ်။ ရောက်တာနဲ့ ရုံးကိစ္စတွေ လုပ် ပြီးတာနဲ့ နယ်က အိမ်လေးကို တန်းပြန်။အိမ်မှာ ၄ ရက်လောက်နေပြီး ပုဂံ ကိုသွားလည်။ ပုဂံမှာ ၃ ရက်နေပြီး အိမ်ကိုပြန်။ အိမ်မှာ ၄ ရက် နေပြီး ရန်ကုန်ကို ပြန်လာ။ ရန်ကုန်မှာ ၂ ရက်ပဲနေပြီး မန္တလေးကို ပြန်သွား။ မန္တလေးမှာ ၄ ရက်နေပြီး ရန်ကုန် ကို ပြန်လည်းရောက်ရော လူလည်း ဘုန်းဘုန်းကျ တော့တာပဲ။
ဒီတခေါက် ပုဂံ မှာ လျှောက်လည်ရတာ မပျော်သလိုပဲ။ အရင်လို မနက် sun rise ကို ဘုရားတွေပေါ် တက်ကြည့်ခွင့် မပေးတော့ဘူးလေ ။ အကုန် ပိတ်ပစ်လိုက်ပြီ။ တချို့ ဘုရား အသေးလေးတွေပေါ်တော့ တက်ကြည့်နေကြတာပါပဲ။ Tour Guide တွေလည်း ညည်းကြတယ်။ သူတို့ညည်းမယ်ဆိုလည်း ညည်းလောက်တယ်။January ဖြစ်တာတောင် အရင်လောက် နိူင်ငံခြားသားဧည့်သည်တွေ မတွေ့ရဘူးလေ။ ဘုရားတွေပေါ် တက်လို့မရတော့ ဘယ်ကနေ sun rise ကို ဓါတ်ပုံရိုက်ရမှန်းမသိ ဖြစ်နေတာနဲ့ တမနက်လုံး နေရာလိုက်ရှာတာနဲ့ နေသာ ထွက် သွားတယ် ဘယ်ကနေ ရိုက်ရမှန်း မသိလိုက်ဘူး။ နေထွက်ပြီးတော့မှ ဓမ္မရံကြီးဆီရောက်ပြီးမှ ဝရုန်းသုံးကား ဓါတ်ပုံ တစ်ပုံ ရိုက်ဖြစ်သွားတယ်။
ညနေကျတော့ ဗူးဘုရား မှာ drone နဲ့ ရိုက်မယ်ဆိုပြီးထွက်လာ၊ ဘုရားရောက်တော့ အမှန်အကန် ဓါတ်ပုံတွေရိုက်၊ ည အိမ်ပြန်ရောက်တော့ laptop နဲ့ SD card ကို ပြန်ကြည့်တော့မှ ဓါတ်ပုံတွေက မရိုက်မိမှန်း သိလိုက်ရတော့ ငိုချင်သွားတယ်။အဲ့တစ်ညနေလုံး ရိုက်သမျှ အလကားဖြစ်ရောပဲ။ နောက်နေ့ကျ ထပ်သွားရိုက်ပေမယ့် ပထမနေ့ကလောက် မလှတော့ဘူး။
ဒီတခေါက် ပုဂံရောက်တော့ အာနန္ဒာဘုရားပွဲနဲ့ လာတိုးတယ်။ ဘုရားပွဲမှာ ဓါတ်ပုံလာရိုက်တဲ့သူတွေ အများကြီးတွေ့ခဲ့တယ်။ အရင်နှစ်တွေက နွားလှည်းတွေနဲ့ ရွာတွေကနေ ဘုရားပွဲလာကြပေမယ့် ဒီနှစ်တော့ နွားလှည်း ၅ စီးလောက်ပဲတွေ့ခဲ့ရတယ်။
ပုဂံကနေ ပြန်တော့ မန္တလေးကို ရောက်ပြန်ရော။ ဒီတခါ မန္တလေးရောက်တော့ ဖျားနေတာနဲ့ ဘယ်မှမသွားဖြစ်။ မသွားဖြစ်ဘူး ဆိုပေမယ့် ဘုရားကြီးကိုတော့ ရောက်ဖြစ်လိုက်တယ်။
ဘုရားကြီးက အပြန် အဖျားတက်လာတာနဲ့ အိပ်ရာထဲပဲမှောက်နေရတော့တယ်။ ညနေရောက်တော့ ဆရာဝန် သူငယ်ချင်း မောင်ဖိုးကောင်းက ဆေးလာထိုးပေးမှ နည်းနည်း နေသာထိုင်သာ ရှိသွားတော့တယ်။
နောက်နေ့မနက် လူက နေသာထိုင်သာ ဖြစ်သွားတာနဲ့ ချက်ချင်း စစ်ကိုင်းသွားမယ်ဆိုပြီး ဆိုင်ကယ်နဲ့ ထွက်လာဖြစ်တာ။ စစ်ကိုင်းကောင်းမှု့တော်ကြီးကို Facebook ပေါ်မှာ ကိုယ့်ဆရာတွေက ဓါတ်ပုံတွေရိုက်ပြီး တင်ထားတာတွေကြည့်ရတော့ ကိုယ်လည်း ကြည့်ချင်စိတ် ရိုက်ချင်စိတ်တွေကထိန်းမရဘူးလေ။ အဲ့ဒါနဲ့ စစ်ကိုင်းကောင်းမှု့တော်ကို ရောက်တော့ အသိ ဓါတ်ပုံဆရာ ကိုနေလင်း က အဲ့ဒီ ဆိုဒ်မှာ တာဝန်ကျနေတယ်ဆိုတော့ သူ့ကို ဖုန်းဆက်။ ကံဆိုးချင်တော့ သူက အဲ့ဆိုဒ်မှာရှိမနေဘူး။ ဒါပေမယ့် သူ့သူငယ်ချင်း တာဝန်ကျ ဆိုဒ် Engineer ကို ဖုန်းဆက်ပေးတယ်။ အဲ့ဒီအကို ကိုခိုင်ကြီးကို ခွင့်တောင်းပြီး စစ်ကိုင်းဘုရားကြီးကို ဓါတ်ပုံ ရိုက်တာပေါ့။ ရောက်တဲ့အချိန်က နေ့လည် ၁၁ နာရီ ဖြစ်နေပြီဆိုတော့ ရိုက်ရတာ သိပ် အားမရခဲ့ဘူး။
ကျွန်တော် ရောက်သွားတဲ့ နေ့ က ဘုရားက ရွှေဆေးတွေကို ခွာတာ နောက်ဆုံးနေ့ ဆိုတော့ ဘုရားမှာ ရွှေဆေးက မရှိသလောက်ကို ဖြစ်နေပြီ။ အဲ့ဒါကြောင့် ရိုက်ခဲ့တဲ့ပုံကို black and white လေးပဲ လုပ်လိုက်မိတာ။
စစ်ကိုင်းကနေ မန္တလေးကို ညနေ ပြန်ရောက်တယ်။ အဲ့ည ကားနဲ့ ရန်ကုန်ကို ပြန်ဆင်းလာတာနဲ့ပဲ 2019 ရဲ့ janauary တစ်လ ကုန်ပါရောလား။
( P.S - ဒီပိုစ်က Flickr က ဓါတ်ပုံတွေကို blogger မှာ စမ်းတင်ကြည့်ချင်လို့ ရေးဖြစ်သွားတာ။ blogger မှာ ပုံတွေ ဒီအတိုင်းတင်ရင် High resolution မရတာရယ်။ တခါတလေ ပေါ်လိုက် ပျောက်လိုက်ဖြစ်နေတာတွေရယ် ကြောင့် Flickr စမ်းသုံးမယ် ဆိုပြီး သုံးဖြစ်သွားတာ )

Comments
Post a Comment