Skip to main content

Posts

Showing posts from December, 2018

CAF ဆိုတာ

 ကျွန်တော်တို့တွေ XDA မှာ Custom rom တွေ flash ဖို့ရှာတဲ့အခါမှာ [] Tag တွေထဲမှာ ရေးထားတဲ့ နာမည်တွေကို သတိထားမိမှာပါ။ [AOSP] တို့ [LOS] တို့ [CAF] တို့ စသည်ဖြစ်ပေါ့။ အဲ့ဒီအထဲကမှ CAF ဆိုတဲ့ ဟာလေးအကြောင်း ဒီနေ့ရေးမှာပါ။ CAF ရဲ့ အရှည်က Code Auroa Forum ပါ။ Google က Android version အသစ်ထုတ်လိုက်တဲ့အခါ source code ကို android.googlesource.com မှာ release လုပ်ပါတယ်။အဲ့ဒီ code တွေက Google ရဲ့ devices တွေပေါ်မှာ အလုပ်လုပ်ပါတယ်။ဥပမာ android-8.1.0_r14 ဆိုတာက Android version 8.1 ရဲ့ 14 ခုမြောက် stable version လို့ဆိုလိုတာဖြစ်ပါတယ်။ အဲ့ဒီ relese လုပ်တဲ့ code ကို AOSP (Android open source project ) လို့ ခေါ်ပါတယ်။ အဲ့ဒီ Google က ထုတ်တဲ့ source code ကို ကို LOS က ယူပြီး ကျန်တဲ့ devices တွေမှာ အလုပ်လုပ်အောင် ထပ်ပြီး ပြင်ဆင်ပါတယ်။ LOS ရဲ့ မွမ်းမံထားတဲ့ code ကို github.com/linageos/ မှာ ကြည့်လို့ ယူလို့ရပါတယ်။ LOS က community က လုပ်တာမို့ Test တွေဘာတွေ သိပ်မရှိပါဘူး။ ဒါပေမယ့်လည်း bug တွေကိုတော့ အမြန်ဆုံး fix လုပ်ပေးပါတယ်။ Chipset ထုတ်လုပ်တဲ့သူတွေဖြစ်တဲ့ Mediatek (MTK လို့ခေါ်ကြတယ်) နဲ့ Nvidia နဲ့...

အနီရောင် နယ်မြေ

နိူင် ငံတကာမှာ red light district ( red district လို့လည်း ခေါ်ကြသေးတယ်) ဆိုတာ ရှိပါတယ်။တစ်လမ်းလုံး တစ်ရပ်ကွက်လုံး မီးအနီရောင်တွေနဲ့ လင်းနေတဲ့ နေရာပေါ့။ အဲ့ဒါက ဘယ်လိုနေရာလည်းဆိုတော့ prostitution ...

Back to work

အလုပ်မလုပ်တာ ၃ နှစ် ရှိသွားတယ်။ အခု လုပ်ငန်းခွင်ပြန်ဝင်တော့ ယောင်ချာချာနဲ့။ ဦးနှောက်ကလည်း အရင်လို အလုပ်မလုပ်တော့ဘူး။ အလုပ်နဲ့ပတ်သတ်တဲ့ဟာတွေလည်း မနည်း အစပ...

ဖုန်းဆိုင်က ပုံပြင်များ

ကိုယ့်လူတွေကို ဖုန်းဆိုင်မှာ တစ်ရက်လောက် နေစေချင်တယ်။ ဖုန်းဆိုင်မှာ ဆားဗစ်လုပ်ရတာ တရက်ပြီး တရက် ပြဿနာ တစ်ခုပြီး တစ်ခု မရိုးရဘူး။ တရက်တုန်းကပေါ့။ ကောင်လေးတစ်ယောက် ဖုန်းလာပြင်တယ်။ သူ့ဖုန်းက bill တွေ စားနေလို့တဲ့။ Bill ထည့်လိုက်တာနဲ့ ကုန်ရောတဲ့။ အဲ့ဒါနဲ့ ကြည့်လိုက်တော့ သူပြောတဲ့အတိုင်း ဟုတ်နေတယ်။ ဘယ်လိုဟုတ်တာလဲဆိုတော့ ဖုန်းမှာ virus ဝင်နေတာပေါ့။ Virus app က အင်တာနက်တွေ auto ဖွင့်ပစ် download တွေ သူ့ဟာသူဆွဲ ကြော်ငြာတွေ လျှောက်ပြနဲ့ ဆိုတော့ bill ထည့်လိုက်တာနဲ့ကုန်တော့တာပေါ့။ ကိုယ်ကလည်း ပါးစပ်က အကျင့်ပါပြီးတော့ "ညီလေး ဘယ်လိုကနေစဖြစ်တာတုန်း" လို့ မေးလိုက်တော့ "မသိဘူး၊ မနေ့က မြေကြီးပေါ် ပြုတ်ကျပြီး အဲ့လိုဖြစ်သွားတာပဲ" တဲ့။ ကိုယ်လည်း ပြန်ပြောလိုက်ပါတယ်။ " ဟာ သေချာပြီ ညီလေး၊ အဲ့ဒါ မြေဖုတ်ဘီလူးကိုင်တာ" လို့။ မြန်မာပြည်ကလူတွေက ဖုန်းသာကိုင်နေကြတာ ဖုန်းနဲ့ပတ်သက်တဲ့ knowledge ကြ တအားနည်းကြတာ။ တရက်ပေါ့။ အန်တီကြီး တစ်ယောက်ရောက်လာတယ်။ သူ့ဖုန်းက High end ဖုန်းဗျ။ Samsung S8 လားမသိဘူး။ သူ့ဖုန်းလေးနေလို့တဲ့။ ဘာမှလည်း လုပ်မရလို့ပါတဲ့။ အဲ့ဒါ ဖုန်းကို ယူကြည့်လိုက်တော့ intern...

Speech to Text is available on Google voice typing

Google Voice အသုံးပြုကာ မြန်မာဘာသာစကားအသံဖြင့် စာရိုက်နိုင်ပါပြီ။ ထိုသို့ ရိုက်နိုင်ရန် အောက်ပါအတိုင်း ပြုလုပ်ပေးပါ။ သင့်အန်းဒရိုက်ဖုန်း၏ Settings ရှိ Languages and inputs သို့သွားပါ။ Virtual keyboard သို့ သွားပါ။ Google Voice typing ကို နိပ်ပါ။ Voice settings ရှိ Languages ကိုနိပ်ပါ။ မြန်မာအသံရွေးချယ်ရန် အောက်ဆုံးသို့ ဆင်းကာ မြန်မာဘာသာကို ရွေးချယ်ကာ save လုပ်ပေးပါ။ Google keyboard ရှိ မိုက်ခရိုဖုန်းနိပ်ကာ မြန်မာဘာသာစကားဖြင့် စာရိုက်နိုင်ပါပြီ။ ( ကီးဘုတ်တွင် မြန်မာကီးဘုတ်ပြောင်းပြီးမှ microphone ကိုနှိပ်ပါ) အင်တာနက်ကော်နက်ရှင် လိုအပ်သလို စကားလုံးဖော်ပြမှုနှေးကာ စကားလုံးအားလုံး အမှန်မဖြစ်သေးပါဘူး။ မြန်မာအသံဖြင့် စာရိုက်ခွင့် စပြုပေးသော Google အား အထူးကျေးဇူးတင်ရှိပါတယ်။ ယူနီကုဒ်သုံးသူ မိတ်ဆွေအပေါင်း ‌မြန်မာအသံဖြင့် စာရိုက်ကာ ရွှင်းလန်းနိုင်ကြပါစေ။