၂၀၁၇ မှာ VR တွေ ခေတ်စားလာပါတယ်။ အဲ့တော့ ကျွန်ေတာ်လည်း VR ရောဂါ ဝင်တာပေါ့ :D ကျွန်တော် ရဲ့ဘလောဂ်မှာ 360° ပုံတွေကိုတွေ့ရပါလိမ့်မယ်။ ဒီပုံတွေကို 360° camera နဲ့ ရိုက်ရတာပါ။ ကျွန်တော် ခရီးထွက်တိုင်း ကျွန်ေတာ်မြင်သလို တခြားသူတွေကိုလည်း အဲ့ဒီပတ်ဝန်းကျင် ဒေသက အလှအပတွေကို ခံစားမိစေချင်တဲ့စိတ်လေး နဲ့ 360° ပုံတွေရိုက်လို့ရတဲ့ LG camera လေးကို ဝယ်ခဲ့မိတာပါ။ ကျွန်တော်ဝယ်တုန်းက 200$ ပေးရပါတယ်။ အဲ့တုန်းက အဲ့ဈေးနဲ့ အဲ့ကင်မရာက ဈေးအချိုဆုံးပါ။ အခု Xiaomi ကထုတ်တဲ့ 360° camera ကပိုပြီး quality ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော် မဝယ်နိူင်တော့ပါဘူး :D ဒီ ကင်မရာလေးက Google Street View က အသိအမှတ်ပြုတဲ့ 360° camera တွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။ ဒီ ကင်မရာလေး နဲ့ ကျွန်တော် Google Trusted Photographer badge လည်းရခဲ့ပါပြီ။ LG 360 camera ကို Android နဲ့ရော iPhone တွေနဲ့ရော သူ့ရဲ့ App ကို အသုံးပြုပြီး ချိတ်ဆက် အသုံးပြုလို့ရပါတယ်။ Video ရိုက်တဲ့အခါမှာလည်း 5.1 စနစ်နဲ့ အသံဖမ်းလို့ရပါတယ်။( တစ်ချို့ဆို အသံဖမ်းဖို့ သီးသန့်သုံးသတဲ့)။ 1200mAh battery ဖြစ်လို့ battery ကတော့ အားသိပ်မခံဘူးလို့ပြောလို့ရပါတယ်။( ဖုန်းနဲ့ ချိတ်မထားပဲ ဒီအတိုင်း ရိုက်ရင်တော့ အားတော်တော်ခံပါတယ်)။ Camera mode မှာ auto ရော manual ရော ရိုက်လို့ရပါတယ်။ အလင်းရောင် လုံလုံလောက်လောက်ရတဲ့ နေရာတွေမှာဆိုရင် auto နဲ့ ရိုက်လို့ အဆင်ပြေပါတယ်။ အလင်းရောင် နည်းတဲ့နေရာမှာ auto နဲ့ ရိုက်ရင် noise တွေ ထလာပါတယ်။ ကျွန်တော်ကတော့ အလင်းရောင် နည်းတဲ့နေရာတွေမှာ manual mode နဲ့ ISO လျှော့ပြီး Tripod ပေါ် တင်ရိုက်ပါတယ် ။ ရှေ့ဆက်ပြီး VR တွေ ဒီထက်ပိုပြီး တိုးတက်လာမယ်လို့ မျှော်လင့်ရတာပဲ။
မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။ ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...
Comments
Post a Comment