ကျွန်တော်တို့တွေ XDA မှာ Custom rom တွေ flash ဖို့ရှာတဲ့အခါမှာ [] Tag တွေထဲမှာ ရေးထားတဲ့ နာမည်တွေကို သတိထားမိမှာပါ။ [AOSP] တို့ [LOS] တို့ [CAF] တို့ စသည်ဖြစ်ပေါ့။ အဲ့ဒီအထဲကမှ CAF ဆိုတဲ့ ဟာလေးအကြောင်း ဒီနေ့ရေးမှာပါ။ CAF ရဲ့ အရှည်က Code Auroa Forum ပါ။ Google က Android version အသစ်ထုတ်လိုက်တဲ့အခါ source code ကို android.googlesource.com မှာ release လုပ်ပါတယ်။အဲ့ဒီ code တွေက Google ရဲ့ devices တွေပေါ်မှာ အလုပ်လုပ်ပါတယ်။ဥပမာ android-8.1.0_r14 ဆိုတာက Android version 8.1 ရဲ့ 14 ခုမြောက် stable version လို့ဆိုလိုတာဖြစ်ပါတယ်။ အဲ့ဒီ relese လုပ်တဲ့ code ကို AOSP (Android open source project ) လို့ ခေါ်ပါတယ်။ အဲ့ဒီ Google က ထုတ်တဲ့ source code ကို ကို LOS က ယူပြီး ကျန်တဲ့ devices တွေမှာ အလုပ်လုပ်အောင် ထပ်ပြီး ပြင်ဆင်ပါတယ်။ LOS ရဲ့ မွမ်းမံထားတဲ့ code ကို github.com/linageos/ မှာ ကြည့်လို့ ယူလို့ရပါတယ်။ LOS က community က လုပ်တာမို့ Test တွေဘာတွေ သိပ်မရှိပါဘူး။ ဒါပေမယ့်လည်း bug တွေကိုတော့ အမြန်ဆုံး fix လုပ်ပေးပါတယ်။ Chipset ထုတ်လုပ်တဲ့သူတွေဖြစ်တဲ့ Mediatek (MTK လို့ခေါ်ကြတယ်) နဲ့ Nvidia နဲ့...
I keep all of my memos here.