Skip to main content

EF M 55-200 Lens ဝယ်လာတဲ့ ကိုဝေ

Tele Lens ဝယ်ဖို့စဉ်းစားနေတာ ကြာပြီ။EF S ပဲယူရမလား EF M ပဲယူရမလား တွေဝေနေတာ နောက်ဆုံး ဖြစ်ချင်ရာဖြစ်ဆိုပြီး သေးသေးလေးတွေမှကြိုက်တတ်တဲ့ ကိုယ့်ထုံးစံအတိုင်း EF Mပဲယူဖြစ်သွားတယ်။ Zoom lens နဲ့ portrait ရိုက်ရတာလည်း အရသာတစ်မျိုးပဲဆိုတာ Zoom lens နဲ့ စရိုက်ဖူးမှသိတယ်။ EF M 55-200မှာ IS ရော STM ရောပါတာမို့ တော်တော် အဆင်ပြေပါတယ်။ EF S ထက်တော့ 50$ လောက် ပိုပေးရပေမယ့် ပေးရတဲ့ဈေးနဲ့ ရတဲ့ quality နဲ့ တော်တော်တန်တယ်လို့ ပြောလို့ရတယ်။EF S နဲ့ဆိုရင် lens mount adapter နဲ့တပ်ပြီးရိုက်ရတော့ body သေးသေးလေးကို Lens အကြီးကြီးတပ်ရိုက်ထားတော့ မလှမပကြီးဖြစ်နေတယ်။EF M လေးနဲ့ကျတော့ Zoom lens သာဖြစ်တာ အရှည်က လက်တစ်ထွာတောင်မပြည့်ဘူး။Body သေးသေး lens သေးသေးနဲ့ ဘယ်လိုချစ်စရာကောင်းမှန်းကိုမသိတာ။ဟဲဟဲ။ ရှေ့လျှောက် street ရိုက်ဖို့ အဆင်ပြေသွားတာပေါ့။



တကယ် Lens ဝယ်ဖို့စဉ်းစားတဲ့အခါ STM ရော ISရောပါတာဝယ်သင့်တယ်လို့ ထင်တယ်။ STM မပါရင် Mirrorless မှာ autofocus တော်တော်ကြာတယ်။ အစကတော့ STM မလိုပါဘူးကွာ။ Manual ပဲ focus ဖြတ်မယ်ဆိုပြီး ဈေးချိုတာပဲဝယ်မယ်ကွာဆိုပြီး စဉ်းစားလိုက်ပါသေးတယ်။ ဒါပေမယ့် တကယ်ရိုက်တဲ့အခါ STM က မပါမဖြစ် လိုအပ်တယ်ဆိုတာသိလိုက်ရတယ်။

Comments