''အင်း ... မြန်မာစာဆရာကြီးကို ကတ်သီးကတ်သတ် မေးသလိုများဖြစ်နေ မလားမသိဘူး။ မေးစရာတစ်ခု ပေါ်လာလို့ကွ'' ''ဘာမေးမလို့လဲ။ အမိန့်ရှိစမ်းပါဦးဗျာ။ ကျွန်တော်ဖြေနိုင်ရင်လည်း ဖြေရမှာပေါ့'' အိမ်ကိုအလည်ရောက်လာသော သူငယ်ချင်းက စကားစသည့်အတွက် ကျွန်တော်က ခပ်သောေ သာကလေး ပြောလိုက်သည်။ ''သြော် ...ခုပဲ ပြက္ခဒိန် ကြည့်နေရင်း မေးစရာပေါ်လာတာပါ။ နေ့နာမည်တွေမှာ ''တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ''ဆိုတဲ့နေ့နာမည် တွေက စာလုံး အပေါ်မှာ ငသတ်သေးသေး ကလေးတွေ တင်ပြီးရေးတာ ဘာကြောင့်လဲလို့ သိချင်လို့ပါ သူငယ်ချင်းရာ။ အဲဒီလို အ ပေါ်မှာမတင်ဘဲ ဟောဒီလိုရိုးရိုးပဲရေးလို့ မဖြစ်ဘူးလားကွာ'' သူငယ်ချင်းက ပြောပြောဆိုဆို စာရွက် တစ်ရွက်ယူပြီး ဘောပင်နှင့်ရေးပြသည်။ ''တနင်းဂနွေ၊ တနင်းလာ၊ အင်ဂါ''... တဲ့။ သူရေးပြသော စာလုံးတွေကို ကြည့်ပြီး ''ဟုတ်ပါတယ် ဆရာ။ ကျွန်တော်တို့လည်း သိချင်ပါတယ်။ ဆရာရှင်းပြပါ'' ဟု စာလာမေးသော တပည့်ကလေးများကပါ ထောက်ခံ ဆန္ဒပြုကြသည်။ ''ကဲ အဲဒီငသတ်သေးသေးကလေး အကြောင်းပြောရင်တော့ ပါဌ်ဆင့်လို့ခေါ်တဲ့ စာလုံးဆင့်တွေအကြောင်းက စပြော ...
I keep all of my memos here.