Skip to main content

ရန်ကုန်နဲ့ စာအုပ်ဆိုင်

ကိုဝေ ရန်ကုန်စရောက်တော့ တအားသဘောကျတာ။ကိုယ်ကြိုက်တဲ့ စာအုပ် အဟောင်းတွေကို လမ်းဘေးဆိုင်လေးတွေမှာ ၂၀၀  လောက်နဲ့ ဝယ်လို့ရတာကိုး။ အဲ့တုန်းက အပြင်ထွက်တာနဲ့  အရင်ဆုံး စာအုပ်အဟောင်းဆိုင်ရှာပြီး စာအုပ်ဝယ်တာပဲ။





ခုတော့ လူတွေကစာဖတ်နည်းသွားကြပြီ လို့ထင်တယ်။ အင်တာနက်ပေါ်မှာရှာဖတ်လို့ရနေတာလည်း ပါမှာပေါ့။ ဒါပေမယ့် အင်တာနက်ကစာနဲ့ စာအုပ်ကစာနဲ့ မတူဘူးလို့ခံစားရတယ်။ internet က knowledge ကို ဦးစားပေးပြီးဖတ်လို့ရတယ် လို့ထင်တယ်။ ရသ စာပေကတော့ စာအုပ်တွေမှာပဲ ရနိူင်တယ်။ ဘယ်လောက်ပဲ ebook reader တွေ ရှိနေပါစေ။ စာအုပ်နဲ့ ဖတ်ရတဲ့ အရသာက တစ်မျိုးထူးတယ်။ စာရွက်တစ်ရွက်ချင်းလှန်ရတာကိုက  အရသာကိုးဗျ။

Comments