Skip to main content

Unicode or Zawgyi Hybrid?

ယူနီကုဒ် ဖေါင့်ထည့်ထားသူ အသုံပြုသူများအတွက် ဇော်ဂျီဖေါင့်နဲ့ ရေးထားတာတွေကို ဖတ်ဖို့ရာဆိုရင်  hybrid font တွေက ကူညီပေးပါတယ် hybrid တွေဟာ ၈၀ ၉၀% လောက်မှန်တယ် ဆိုပေမယ့်
စစချင်းဆို ဖတ်ရမလွယ်ပါဘူး တချို့စာလုံးတွေက စာလုံး၂ ထပ်လို
အောက်ရောက်သွားလေ့ရှိပါတယ်၊ ဖတ်နေကျသွားရင်တော့
စဉ်းစား ဖြည့်ဖတ်သွားလို့ရပါတယ်၊
(ဇော်ဂျီ တစ်ခုထဲသုံးသူများ/ထည့်ထားရင်တော့  ယူနီနဲ့ရေးထားတာတွေဆို အတည့်ဖတ်မရတော့ပါဘူး)
အခုဖေါင့်လေးက ရှိပီးသားကိုဘဲ နဲနဲပြင်ဆင်ပီး စာလုံး အပေါ်ရောက်အောင် လုပ်ထားပေးပါတယ် ဒီအတွက် စာလုံး ၂ ထပ်နေရာတွေမှာတော့ ဖတ်ရ ပြဿနာရှိလာပါလိမ့်မယ်၊ တက္ကသိုလ်ကို တကကသိုလ် စသည်ဘဲ ပြနိုင်ပါလိမ့်မယ် နောက်အောက်ပါ ပြဿနာလေးတွေ ရှိပေမယ့် ယခင်ကထက်စာရင်တော့ ဇော်ဂျီကို ဇော်ဂျီနဲ့သာပြလို့ ဖတ်ရနဲနဲပို အဆင်ပြေလာမယ်လို့ ထင်ပါတယ်၊
ဒါလေးထည့်ထားပီး ttkeyboard ထဲက ယူနီစာလုံးပုံစံထွက်စေတဲ့ ယူနီကီးဘုတ်လေး အသုံးပြုပီးရေးပေးခြင်းဖြင့် ယူနီကုဒ် အသုံးကျယ်ပြန့်လာပီး ဇော်ဂျီအသုံးကို လျော့ချသွားစေလိုပါတယ်
(Setting >> General > Keyboards >> Keyboards>> add new keyboard >> ttkeyboard >> UniZG ကိုစိမ်းပေးရင် ယူနီစာလုံးထွက်တဲ့ ကီးဘုတ်လေးရပါပီ)
Bug/errors
စာပိုဒ် စစချင်းတွေမှာ/ စာတွေတိုနေရင် ယူနီနဲ့ ပြသွားလို့ အောက်ပါ ပြဿနာလေးတွေ ရှိပါလိမ့်မယ်
ဇော်ဂျီနဲ့ရေးထားတဲ့ စာတွေမှာ တချို့ ငသတ်လေးတွေ ပျောက်ပါတယ်
- ဝ (-ွ)ဆွဲအစား ရရစ် အကြီးအသေးတွေနဲ့ ပြတတ်ပါတယ်
- ျ အစား ငသတ် ် အနေနဲ့ပြပါတယ်
- ှ ဟပ်ထိုး အစား ဝဆွဲပြပါတယ်
- သဝေထိုး ရှေ့နောက် အနည်းငယ်မှားပါမယ်
စာလုံး ၂ ထပ်တွေ မှာ အောက်ကစာလုံးတွေ အပေါ်တက်သွားပါမယ်
(အကုန်တော့မဟုတ်ပါ)
- တချို့စာပိုဒ်တွေမှာ တခါတရံလုံးလုံး အလုပ်မလုပ်ပါဘူး ( ယူနီရေးထားတာတွေကိုပါ ဇော်ဂျီနဲ့ပြသွားပါတယ် ၁၀% hopefully rare case)
- စာလုံး စစချင်းတွေကို ယူနီနဲ့ပြပီး နောက်ပိုင်း ဇော်ဂျီနဲ့ရေးထားတာတွေဆို ဇော်ဂျီဖေါင့် ပုံစံနဲ့ပြသွားပါတယ်
- others bugs..
- ထည့်သွင်းနည်း
ကြိုက်ရာ ဇော်ဂျီ profile တစ်ခုခု ထည့်ထားပေးပါ
အခု profile ဖေါင့် အသစ်လေးထပ်ပေါင်းထည့်ပေးဖို့လိုပါမယ်
Credit to original font Developers
http://www.mediafire.com/?tnc2n580q99aed2

Comments

  1. android အတွက်မရဘူးလား အစ်ကို?

    ReplyDelete

Post a Comment

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။