Skip to main content

မြန်မာယူနီကုဒ် အဘိဓာန်

ကွန်ပျူတာ Windows မှာ အသုံးပြုနိုင်ဖို့ ယူနီကုဒ် Offline အဘိဓာန်ဖြစ်ပါတယ်... အင်္ဂလိပ် - မြန်မာ ၊ မြန်မာ - အင်္ဂလိပ် နှစ်မျိုးသံုးလို့ရအောင် စီစဉ်ထားပါတယ်.. မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းကိုလည်း ထည့်သွင်းထားပါတယ်... ဇော်ဂျီနဲ့ ဖိုင်တွေဖိုဒါတွေကိုနာမည်ပေးထားပြီးမှ ယူနီကုဒ်ပြန်ပြောင်းချင်သူတွေအတွက်လည်း အဆင်ပြေအောင် Filename changer + Myanmar NLPက ရေးထားတဲ့ ကနောင် Offline converter ကိုလည်း All in one အသုံးပြုနိုင်အောင်ထည့်သွင်းပေးထားပါတယ်... စာလုံးပေါင်းသတ်ပုံကျမ်းကိုတော့ ကိုပီကေဝက်ဆိုဒ်ကရော ၊ ပညာရေးဝန်ကြီးဌာနထုတ် မြန်မာစာလုံးပေါင်းသတ်ပုံကြမ်းနှင့်ခွဲထား ထဲကရော မှီငြမ်းထားပါတယ်.. အခက်အခဲများရှိပါကလည်း မေးမြန်းနိုင်ပါတယ်.. အကြံပြုချက်များကိုလည်း အားရဝမ်းသာစွာ မဟားတရား လက်ခံပါတယ် :D :D 

System requirements
===================
Windows
.Net Framework 4.5 or .Net Framework 4.5.1

Download links :

for .Net Framework 4.5 users
https://app.box.com/s/9t2izsdo6h04t74advgjehgtk03cf1qu

for .Net Framework 4.5.1 users
https://app.box.com/s/r0tnix88xhokm3ifkz672vygytrbn87o


မြန်မာလိုတွေအားလုံးပေါ်နေဖို့အတွက်တော့ ..
Windows XP >> Desktop >> Right Click >> Properties>> Appearance Tab >> click the Advanced button
Vista, Windows 7 >>Desktop >> Right Click >> Personalize>> Window color >> Advanced appearance settings
အဲဒိမှာ Item ဆိုတဲ့ Box လေးမှာရှိတဲ့
Active Title Bar,
Icon,
Inactive Title Bar,
Menu ,
Message Box ,
Palette Title ,
Selected Items ,
ToolTip
စတာတွေကို အကုန် unicode ပြောင်းပေးထားဖို့တော့လိုပါမယ်..

Credit to u know who :D

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။