Window 8 က စလို့ မြန်မာစာယူနီကုဒ်စနစ်ပါဝင်လာခဲ့ပါပြီ။ font အနေနဲ့ Microsoft ရဲ့ Myanmar Text ဆိုတဲ့ font ပါဝင်လို့ မြန်မာစာစနစ်ကို သုံးလို့ရပါပြီ။ ကီးဘုတ် layout ကလည်း myanmar3 layout ဖြစ်လို့ စာရိုက်ရတာ တော်တော် အဆင်ပြေပါတယ်။ ကီးဘုတ်ထည့်ဖို့အတွက် window key နဲ့ R ကိုတွဲနှိပ်ပေးပါ။
ပုံ ၁
ပေါ်လာတဲ့ run box မှာ control လို့ ရိုက်ပါ။

ပုံ ၂
Control Panel ပေါ်လာရင် မျှားပြထားတဲ့ Change input method ကိုရွေးပါ။

ပုံ ၃
ပြထားတဲ့အတိုင်း Add language ကိုနှိပ်ပါ။

ပုံ ၄
ညာဘက်အပေါ်က search box မှာ burmese လို့ရိုက်လိုက်တာနဲ့ အောက်မှာ မြန်မာစာ ဆိုပြီး ပေါ်လာပါလိမ့်မယ်။ အဲ့ မြန်မာစာကို select လုပ်ပြီး အောက်က add ကို နှိပ်ပါ။

ပုံ ၅
ခုဆိုရင် eng နဲ့မြန်မာကို window+space နှိပ်ပြီး ကီးဘုတ်ပြောင်းပြီး ရိုက်နိုင်ပါပြီ။

Comments
Post a Comment